Breaking News

မော်တော်ယာဉ်နည်းပညာဌာန

မော်တော်ယာဉ်နည်းပညာဌာန ဆိုသည်မှာ အသက်မွေးဝမ်းကျောင်းနည်းပညာတစ်ခုဖြစ်ပြီး၊ အခြေခံအားဖြင့် အတွင်းပိုင်း မီးလောင်ပေါက်ကွဲသော စက်များ၊ စက်ပစ္စည်းများအကြောင်းကို သင်ကြားပေးသော ဘာသာရပ်ဖြစ် ပါသည်။ သင်တန်းဌာနတွင် အင်ဂျင်တစ်လုံးစီတွင်ပါဝင်သော အစိတ်အပိုင်းများ ခွဲခြားသိရှိစေခြင်း၊ အင်ဂျင်အမျိုးအစား ခွဲခြားတက်စေခြင်း၊ အင်ဂျင်၏လုပ်ဆောင်ချက်များ သိရှိစေခြင်းနှင့် အင်ဂျင်များကို စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်းများနားလည်သဘောပေါက်စေရန် သင်ကြားပေးပါသည်။ ထို့အပြင် မော်တော်ယာဉ် တည်ဆောက်ပုံဒီဇိုင်းများနှင့် လုပ်ဆောင်ချက်စွမ်းဆောင်ရည်များ၊ မော်တော်ယာဉ်အတွင်း မီးလုံးများ၊ အဲယားကွန်းယူနစ်များ၊ ပါဝါစနစ်များအတွက် လိုအပ်သော လျှပ်စစ်ပတ်လမ်းဖွဲ့စည်းတည်ဆောက်ပုံများနှင့် Engine Starting System တွင် ပါဝင်သော Battery နှင့် Motor ချိတ်ဆက် လုပ်ဆောင်သော အခြေခံ အလုပ်လုပ်ပုံ နိယာမ သဘောတရားများကိုလည်း သင်ကြားပေးပါသည်။ နည်းပညာပိုင်းဆိုင်ရာပုံများ၊ စက်ပစ္စည်း အစိတ်အပိုင်းပုံများ၊ မော်တော်ယာဉ် အစိတ်အပိုင်းပုံများကို စနစ်တကျ ရေးဆွဲတက်စေခြင်း၊ ရေးဆွဲပြီးပုံများကိုလည်း သိရှိနားလည်သဘောပေါက်စေခြင်းနှင့် အတိုင်းအတာယူနစ်များကိုလည်း သိရှိနားလည် သဘောပေါက်စေရန် သင်ကြား‌ပေးပါသည်။

မော်တော်ယာဉ်နည်းပညာဌာန

စဉ်အမည်ပညာအရည်အချင်းရာထူး
ဦးအောင်ထွန်းBE(Mech)လ/ထ ကထိက
ဒေါ်သိမ့်ဇင်စိုးB.Tech(Mech)လ/ထ ကထိက
ဒေါ်ထွန်းပြည့်ရွှေစင်BE(Mech)လ/ထ ကထိက
ဦးမင်းသန့်GTHS (AMT)စက်မှုကျွမ်းကျင်(၅)